ကလေးသူယ် ကာကွယ်ပေးရေးဆိုင်ရာ တိုင်ကြားချက် (သို့) ပေးပို့တိုင်ကြားသည့် သတင်းအချက်အလက်၊ အကြောင်းအရာများကို ပေါက်ကြားခြင်း မရှိစေရန်၊ ဖြစ်စဉ်နှင့်ဖြစ်ရပ်စီမံခန့်ခွဲမှု တစ်ခုလုံး၏ သတင်းအချက်အလက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများမှအပ မည်သူမျှမသိရှိစေရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲရေးစနစ်ဆိုင်ရာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းလမ်းညွှန် (၂၀၁၉)၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ (၂၀၁၉) တို့နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေပါသည်။ လိုအပ်သောလုပ်ထုံးလုပ်နည်းများကိုလည်း အခါအားလျော်စွာ ထုတ်ပြန်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။