ကလေးသူငယ်ကာကွယ်ပေးရေးဆိုင်ရာတိုင်ကြားချက်

အောက်ဖော်ပြပါ ဆက်သွယ်ရေးစနစ်များကို အသုံးပြု၍ အသက် (၁၈) နှစ်အောက် ကလေးသူငယ် ကာကွယ်ပေးရေးဆိုင်ရာ တိုင်ကြားချက်၊ ကလေးသူငယ် ကာကွယ်ရေးဆိုင်ရာ အကူအညီ ပေးအပ်ခြင်း သို့မဟုတ် ရယူခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့ရပါက ၀၉-၂၅၆၂၇၉၈၂၆, ၀၉-၉၅၁၉၈၈၀၈၄ နှင့် ၀၉-၄၅၀၇၁၆၉၃၈ တို့ကို ဆက်သွယ်နိုင်ပါသည်။

အမြန်တိုင်ကြားရန်

အသေးစိတ်တိုင်ကြားရန်

အကူအညီပေးအပ်ရန်

အသက် (၁၈) နှစ်အောက် ကလေးသူငယ်ကာကွယ်ပေးရေးဆိုင်ရာတိုင်ကြားချက်

Updates from Plan International

သတင်းနှင့်ပြန်ကြားရေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရ မဟုတ်သော အဖွဲအစည်းများနှင့် ပူးပေါင်း၍ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု လုပ်ငန်းစဉ်ကို ၂၀၁၅ ခုနှစ်တွင် မြို့နယ်(၂၇) မြို့နယ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

Universal Periodic Review – Myanmar အစီရင်ခံစာ၏ အကြံပြုတိုက်တွန်းချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု

လူမှုဝန်ထမ်းဦးစီးဌာနရှိ သင်တန်းကျောင်းများတွင် ကလေးသူငယ်ဥပဒေပါ ကလေးသူငယ်များ၏ အခွင့်အရေးများရရှိအောင် ဆောင်ရွက်လျက် ရှိရာတွင် လူမျိုး၊ ဘာသာ၊ ခွဲခြားမှု မရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ပေးခြင်း၊ ကျား/မခွဲခြားမှု မရှိဘဲ တန်းတူပညာ သင်ယူစေခြင်းနှင့် ပါဝင်ဆောင်ရွက်ခွင့် အခွင့်အလမ်းများပေးခြင်း၊ ကလေးများ၏ ရင်တွင်း ခံစားချက်များကို နားထောင်ပေး၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ ကလေးတိုင်း မွေးစာရင်းရရှိရေး အတွက် ကျန်းမာရေး ဝန်ကြီးဌာနနှင့် လည်းကောင်း၊ အသက် (၁၀) ပြည့်ပြီးသူ ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားဆောင်ရွက်ပေးခြင်း၊ ကျောင်းအလိုက် အိမ်ထောင်စု ဇယားများကိုလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဉီးစီးဌာနနှင့် လည်းကောင်း ချိတ်ဆက် ဆောင်ရွက်ပေးပါသည်။

အပြည်အပြည်ဆိုင်ရာမိန်းကလေးများနေ့ ၂၀၁၈

ပလန်အင်တာ နေရှင်နယ် မြန်မာသည် ၂၀၁၈ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့ကို သံလွင်လမ်းရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကျောင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း ကျင်းပခဲ့ပါသည်။

ကလေးသူငယ် ကာကွယ်ပေးရေးဆိုင်ရာ တိုင်ကြားချက်

အသက် ၁၈ နှစ် အောက် ကလေးသူငယ် ကာကွယ်ပေးရေးဆိုင်ရာ တိုင်ကြားချက်သည် လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော်နေသော ဖြစ်ရပ် စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုမြန်ဆန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စေရန်၊ ကလေးသူငယ်နှင့် အခြားကလေးသူငယ်များ အကျိုးကို လိုလားသူများအနေဖြင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များ ဖြစ်ဖော်လာပါက ဖုန်း application မှ တဆင့် သို့မဟုတ် အင်တာနက်မှ တဆင့် အလွယ်တကူ တိုင်ကြားနိုင်ရန်နှင့် လိုအပ်သောအကူအညီများကိုအမြန်ဆုံးတောင်းခံနိုင်ရန်၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အသိပညာများ၊ သတင်းအချက် အလက်များကို application မှ တဆင့် အချိန်နှင့် တပြေးညီအသိပေးနိုင်ရန်၊ မြို့နယ်အဆင့်မှ နိုင်ငံတော်အဆင့်ထိ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဖြစ်ရပ်စီမံခန့်ခွဲမှု စာရင်းအင်းများနှင့် အခြေအနေများကို အချိန်နှင့် တပြေးညီစောင့်ကြည့် လေ့လာနိုင်ခြင်းနှင့် လိုအပ်သောပံ့ပိုးပေးမှုများကိုဆောင်ရွက်ပေးနိုင်ရန်၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ အခြားမိတ်ဖက် အဖွဲ့အစည်းများနှင့် လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုများကို အလွယ်တကူ ပြုလုပ်နိုင်ရန် အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။