သတင်းနှင့်ပြန်ကြားရေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရ မဟုတ်သော အဖွဲအစည်းများနှင့် ပူးပေါင်း၍ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု လုပ်ငန်းစဉ်ကို ၂၀၁၅ ခုနှစ်တွင် မြို့နယ်(၂၇) မြို့နယ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

Universal Periodic Review – Myanmar အစီရင်ခံစာ၏ အကြံပြုတိုက်တွန်းချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု

လူမှုဝန်ထမ်းဦးစီးဌာနရှိ သင်တန်းကျောင်းများတွင် ကလေးသူငယ်ဥပဒေပါ ကလေးသူငယ်များ၏ အခွင့်အရေးများရရှိအောင် ဆောင်ရွက်လျက် ရှိရာတွင် လူမျိုး၊ ဘာသာ၊ ခွဲခြားမှု မရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ပေးခြင်း၊ ကျား/မခွဲခြားမှု မရှိဘဲ တန်းတူပညာ သင်ယူစေခြင်းနှင့် ပါဝင်ဆောင်ရွက်ခွင့် အခွင့်အလမ်းများပေးခြင်း၊ ကလေးများ၏ ရင်တွင်း ခံစားချက်များကို နားထောင်ပေး၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ ကလေးတိုင်း မွေးစာရင်းရရှိရေး အတွက် ကျန်းမာရေး ဝန်ကြီးဌာနနှင့် လည်းကောင်း၊ အသက် (၁၀) ပြည့်ပြီးသူ ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားဆောင်ရွက်ပေးခြင်း၊ ကျောင်းအလိုက် အိမ်ထောင်စု ဇယားများကိုလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဉီးစီးဌာနနှင့် လည်းကောင်း ချိတ်ဆက် ဆောင်ရွက်ပေးပါသည်။

အပြည်အပြည်ဆိုင်ရာမိန်းကလေးများနေ့ ၂၀၁၈

ပလန်အင်တာ နေရှင်နယ် မြန်မာသည် ၂၀၁၈ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့ကို သံလွင်လမ်းရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကျောင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း ကျင်းပခဲ့ပါသည်။