အသက် ၁၈ နှစ် အောက် ကလေးသူငယ် ကာကွယ်ပေးရေးဆိုင်ရာတိုင်ကြားချက်သည် လူမှုဝန်ထမ်းဦးစီးဌာနကအကောင်အထည်ဖော်နေသောဖြစ်ရပ် စီမံခန့်ခွဲမှုလုပ်ငန်းများပိုမိုမြန်ဆန်စွာတုံ့ပြန်ဆောင်ရွက်နိုင်စေရန်၊ ကလေးသူငယ်နှင့် အခြားကလေးသူငယ်များအကျိုးကိုလိုလားသူများအနေဖြင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကိစ္စရပ်များဖြစ်ဖော်လာပါကဖုန်း application မှတဆင့် သို့မဟုတ် အင်တာနက်မှတဆင့် အလွယ်တကူတိုင်ကြားနိုင်ရန်နှင့် လိုအပ်သောအကူအညီများကိုအမြန်ဆုံးတောင်းခံနိုင်ရန်၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအသိပညာများ၊ သတင်းအချက် အလက်များကို application မှ တဆင့် အချိန်နှင့် တပြေးညီအသိပေးနိုင်ရန်၊ မြို့နယ်အဆင့်မှ နိုင်ငံတော်အဆင့်ထိကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဖြစ်ရပ်စီမံခန့်ခွဲမှု စာရင်းအင်းများနှင့် အခြေအနေများကိုအချိန်နှင့် တပြေးညီစောင့်ကြည့် လေ့လာနိုင်ခြင်းနှင့် လိုအပ်သောပံ့ပိုးပေးမှုများကိုဆောင်ရွက်ပေးနိုင်ရန်၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့်လိုအပ်သောပူးပေါင်းဆောင်ရွက်မှုများကိုအလွယ်တကူပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။