လူမှုဝန်ထမ်းဉီးစီးဌာနရှိသင်တန်းကျောင်းများတွင် ကလေးသူငယ်ဥပဒေပါ ကလေးသူငယ်များ၏ အခွင့်အရေးများရရှိအောင် ဆောင်ရွက်လျက်ရှိရာတွင် လူမျိုး၊ ဘာသာ၊ ခွဲခြားမှု မရှိဘဲလွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ပေးခြင်း၊ ကျား/မခွဲခြားမှုမရှိဘဲတန်းတူပညာသင်ယူစေခြင်းနှင့် ပါဝင်ဆောင်ရွက်ခွင့် အခွင့်အလမ်းများပေးခြင်း၊ ကလေးများ၏ ရင်တွင်းခံစားချက်များကိုနားထောင်ပေး၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ ကလေးတိုင်းမွေးစာရင်းရရှိရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့်လည်းကောင်း၊ အသက် (၁၀)ပြည့်ပြီးသူကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက် ပေးခြင်း၊ ကျောင်းအလိုက် အိမ်ထောင်စုဇယားများကိုလည်းလူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဉီးစီးဌာနနှင့် လည်းကောင်းချိတ်ဆက်ဆောင်ရွက်ပေးပါသည်။

ပြစ်မှုကျူးလွန်၍ အကျင့်စာရိတ္တပြုပြင်ရန် လိုအပ်သည့် ကလေးသူငယ်များအတွက် ပြစ်မှုရင်ဆိုင် ကာလကြန့်ကြာမှု မရှိစေရေး၊သင်တန်းကျောင်းသို့ ရောက်ရှိပြီး(၁)နှစ်ပြည့်ပြင်ဆင်မိန့် လျှောက် ထားရန်လိုအပ်သည့် ကလေးများအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ချိတ်ဆက် ဆောင်ရွက်လျက် ရှိပါသည်။