အပြည်ပြည်ဆိုင်ရာမိန်းကလေးများနေ့ဆိုင်ရာအများပြည်သူသိရှိရေးလှုပ်ရှားမှု ဒညင်းကုန်းဘူတာ

ပလန်အင်တာ နေရှင်နယ် မြန်မာသည် ၂၀၁၈ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့ကို သံလွင်လမ်းရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကျောင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း ကျင်းပခဲ့ပါသည်။ အပြည်အပြည်ဆိုင်ရာ မိန်းကလေးများနေ့ ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှ စတင်၍ ကျင်းပရန် သတ်မှတ် ခဲ့ပြီးမိန်းကလေးများ၏ ပညာရေး၊ ကျန်းမာရေး၊ ဘေးကင်းလုံခြုံစေရေးနှင့် တန်းတူညီမျှမှု အခွင့်အရေး များကို မြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။။

အပြည်ပြည်ဆိုင်ရာမိန်းကလေးများနေ့ဆိုင်ရာအများပြည်သူသိရှိရေးလှုပ်ရှားမှု အစီအစဉ်များကိုအောက်တိုဘာလ ၉ ရက်နေ့ တွင် လှည်းတန်း၊ မြေနီကုန်းကားမှတ်တိုင်နှင့် ရန်ကုန်ဘူတာကြီး၊ အင်းစိန်ဘူတာ၊ ဒညင်းကုန်းဘူတာရုံများတွင် ဆောင်ရွက်ခဲ့ပါသည်။ အများပြည်သူသိရှိရေးလှုပ်ရှားမှု အစီအစဉ်များတွင် အပြည်ပြည်ဆိုင်ရာမိန်းကလေးများနေ့ဆိုင်ရာအထိမ်းအမှတ် လက်ဆောင်များပေးခြင်း၊ လက်ကမ်းစာစောင်များပေးခြင်း၊ ရန်ကုန်မြို့နေမိန်းကလေးများ နှင့် အမျိုးသမီးများ ၏ လုံခြုံမှုဆိုင်ရာအမေးအဖြေများပြုလုပ်ခြင်း၊ ကံစမ်းမဲဖောက်ခြင်း စသည်တို့ပါဝင်သည်။

မိန်းကလေးများ နှင့် အမျိုးသမီးများ ၏ လုံခြုံမှုဆိုင်ရာအမေးအဖြေအစီအစဉ်တွင် စုစုပေါင်းလူဦးရေ ၇၃၉ ဦး ပါဝင်ဖြေဆိုခဲ့သည်။ ၄င်း အမေးအဖြေအစီအစဉ်ရလဒ်များအရအပြည်ပြည်ဆိုင်ရာမိန်းကလေးများနေ့ ကိုသိသူ ၃၈% ရှိပြီး၊ မသိသူ ၆၂% ရှိပါသည်။ ရန်ကုန်မြို့သည် မိန်းကလေး နှင့်အမျိုးသမီးများအတွက် လုံခြုံတယ်လို့ ဖြေဆိုသူ ၁၅% ရှိပြီးမလုံခြုံဘူးလို့ ၈၅% ကဖြေဆိုပါသည်။ ရန်ကုန်မြို့တွင် မလုံခြုံ ဆုံးဟုယူဆသောနေရာများကိုဖော်ပြပါအတိုင်း ၁။ မြို့ပြင် တွင် ၆၅% လုံခြုံမှုမရှိခြင်း၊ ၂။ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးနေရာများတွင်( ဘက်စ်ကား၊ အငှားယာဉ်၊ ရထား) ၄၇%၊ ၃။ ကားမှတ်တိုင်၊ ရထားဘူတာ၊ အဝေးပြေးဂိတ်များတွင် ၄၀%၊ ၄။ အများပြည်သူ နှင့်ဆိုင်သည့်နေရာများတွင် ( ပန်းခြံ၊ ကစားကွင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦး) ၃၂%၊ ၅။ မြို့တွင်း တွင်၂၉%၊ ၆။ ကျောင်း၊ တက္ကသိုလ် တွင်၁၉% နှင့် ၇။ အိမ် တွင် မလုံခြုံမှု ၁၁% ရှိသည်ဟုသိရှိရပါသည်။ မိန်းကလေးသို့မဟုတ် အမျိုးသမီးတစ်ဦးဦးအားလွဲမှားစွာပြုကျင့်ခြင်းသို့မဟုတ်အကြမ်းဖက်ခြင်းတွေ့ကြုံခံစားနေရသည်ကို သိရှိသူ၇၂% ရှိပြီး၊ မသိသူ ၂၈% ရှိပါသည်။ မိန်းကလေးသို့မဟုတ် အမျိုးသမီးများတွေ့ကြုံခံစားနေရသည့် လွဲမှားစွာပြုကျင့်ခြင်းသို့မဟုတ်အကြမ်းဖက်ခြင်းနည်းလမ်းပုံစံများမှာ က။ ခန္ဓာကိုယ် ထိခိုက်နာကျင်စေမှု ၂၆%၊ ခ။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကား မှု ၄၀%၊ ဂ။ စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်စေမှု ၃၂%၊ ဃ။ လူမှုကွန်ယက် မှတဆင့် အနိုင်ကျင့်မှု ၂၁% နှင့် င။ လူမှုကွန်ယက် မှတဆင့် စော်ကားနှောင့်ယှက်မှု ၂၀% တို့ဖြစ်ပါသည်။ ၆။ မိန်းကလေးသို့မဟုတ် အမျိုးသမီးများကိုလွဲမှားစွာပြုကျင့်မှု သို့မဟုတ် အကြမ်းဖက်မှု တွေကိုပြုလေ့ရှိသူများမှာ က။ အလုပ်ရှင် ၂၄%၊ ခ။ ကျောင်းဆရာ/ဆရာမ ၆%၊ ဂ။ မိဘ/အုပ်ထိန်းသူ ၆%၊ ဃ။ ချစ်သူ/ ရည်းစား/ အိမ်ထောင်ဖက်။ ၂၈% နှင့် င။ အခြား ၄၄% တို့ဖြစ်သည်ကိုတွေ့ရှိရပါသည်။